Tuesday, October 30, 2007

အိပ်မက်နိဒါန်း

သေချာတာကတော့ သူမ အိပ်မက်မက်ရတာ သိပ်နှစ်ခြိုက်သူပါ။
အထူးသဖြင့် ဟော့ဒီ blog အိပ်မက်လေးပေါ့။
အိပ်မက်အကြောင်း နောက်နေ့ဆက်ပြောပြမယ်။

နေညိုရနံ့

Tuesday, September 18, 2007

အိပ်မက် အမြူတေ

စီးချင်းထိုးကြမလား
အနိုင်အရှုံးမငဲ့နဲ့
ငါတို့… ရဲရင့်ဖို့လိုတယ်။ ။

အသွေးအရောင်ပြိုင်ကြမလား
မကြောက်တတ်ပါနဲ့
ငါတို့… နှလုံးသား ဆွတ်ဆွတ်ဖြူဖို့လိုတယ်။ ။

အဲ့ဒီမှာ… ဒိုင်းတစ်လက်
မမှုပဲနေရဲတယ်
ငါတို့ဆုပ်ထားတဲ့ လက်တွေရှိတယ်။ ။

ထိုးကြ၊ နှက်ကြ၊ ဆိုးကြ
မသိကြသေးသမျှ
ငါတို့မှာ…
မြဲမြံတဲ့ သစ္စာတရားတွေရှိတယ်။ ။

နေညိုရနံ့