Sunday, December 2, 2007

DAISY

ကိုးရီးယားရုပ်ရှင်ဇာတ်ကားလေးပါ။တိတ်တခိုးအချစ်အကြောင်းကိုလှလှပပ

ဖေါ်ကျူးထားတဲ့ဇာတ်လမ်းလို့ခံစားမိပါတယ်။ဖန်တီးထားတဲ့ဇာတ်ကွက်

လေးတွေကသိပ်ပြီးတော့သိမ်မွေ့တယ်လို့ထင်ပါတယ်။ဇာတ်လမ်းအသွား

လေးကသဘောကျစရာကောင်းပြီးဖြစ်နိုင်ချေများပါတယ်။ဒါပေမဲ့စိတ်ကူး

ယဉ်လည်းဆန်ပါတယ်။ကြည့်နေရင်းကိုရင်ခုန်မိပါတယ်။မင်းသမီးက

ကျည်ဆန်မှန်ပြီးအသံဆုံးရှုံးသွားတဲ့အခါမင်းသားကသူနှစ်သက်တဲ့ရုပ်ရှင်

ကိုအသံဖျောက်ပြီးအကြိမ်ပေါင်းများစွာကြည့်ပါတယ်။မင်းသမီးစကားပြောရင်

နားလည်နိုင်ဖို့ပေါ့လေ။အဲဒီပြကွက်လေးကနည်းပေမဲ့အရမ်းကိုထိမိပြီးဇာတ်သိမ်း

ကိုပိုမိုနက်ရှိုင်းစေသလိုပါပဲ။စိတ်ဝင်စားဖို့ကောင်းတဲ့ချစ်ခြင်းရဲ့နူးညံ့မှု့တွေကို

ဒေစီပန်းနဲ့အပြိုင်ပွင့်လန်းစေတယ်လို့တောင်ထင်မိပါတယ်။နောက်ခံသီချင်း

လည်းကောင်းပါတယ်။ဇာတ်ကားကိုဖန်တီးတဲ့သူကတော့စိတ်ကူးသိပ်ကောင်း

တာပါပဲ။သူမတော့အချိန်များရရင်ခဏတဖြုတ်လေးပဲဖြစ်ဖြစ် Daisy ကိုကြည့်

မိပါတယ်။ကြည့်မိတိုင်းမင်းသမီးရှေ့မှာထိုင်ပြီးပန်းချီဆွဲခံချင်တော့တာပါပဲ။

အဲဒီမြင်ကွင်းအနေအထားလေးကိုလည်းသဘောကျမိပါကြောင်း။ဘာရယ်လည်း

မဟုတ်ပါပဲပြောပြချင်လို့ပါ။

နေညိုရနံ့

0 comments: