Monday, November 12, 2007

တာရာမင်းဝေ

ဆိုးရွားတဲ့ ဘဝခါးခါးကတောင်
သူရဲ့နက်ရှိုင်းတဲ့ အတွေးတွေအောက်
ပြားပြားမှောက်လေရဲ့။

ငါဆိုရင်
မျှော်လင့်မဲ့ လက်တစ်စုံနဲ့
သူ့အတွေးတွေ ဝင်ရောက်ပျံသန်းမိရင်
ပင့်သက်အဟုန်နဲ့ ငါ့ရဲ့နေ့တွေ
နေရောင်ပွင့်လာသလို။

သေချာတာကတော့
မရဏမင်းကြီးရေ…….
နင်လာတာမစောလွန်းဘူးလား????
ငါ…..
ခုမှ အပျံသင်တုန်း။

နေညိုရနံ့

0 comments: